Latest News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ပလဲကျေးရွာအုပ်စု၊ နဒီလင်းမြိုင်ကျေးရွာတွင်(၉-၉-၂၀၂၀)ရက်နေ့ (၁၀းဝ၀)နာရီချိန်၌ ပျဥ်ခင်း၊ ဖက်ကာ၊ ဖတ်မိုးနေအိမ်(၁)လုံးမီးဘေးသင့်ခဲ့သောကြောင့် အိမ်ထောင်စု(၁)စုမှ မီးဘေးသင့် လူဦးရေ(၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀၀/-)ကျပ်အား (၁၀-၉-၂၀၂၀)ရက်နေ့ (၁၁းဝ၀)နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #krn _sep2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုနှင့် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၃) လုံးကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရာ အိမ်ထောင်စု (၃) စုမှ၊ လူဦးရေ (၁၄) ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် ကြိုတင်ဖျက်သိမ်းနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၀,၀၀၀) ကျပ် နှင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀) ကျပ်တို့အား၎င်း၊ တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွင် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ တာပုံကျေးရွာအုပ်စု၊ တာပုံကျေးရွာ၊ ဝနားဖကျေးရွာနှင့် နားဝကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့် အချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ … Read more
-
Covid-19 အသက်ရှုူလမ်းကြောင်းဆိုင် ရာရောဂါနှင့်ပတ်သတ်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့ (၀၈:၀၀) အချိန်မှ (၀၉:၀၀) အချိန်ထိ သံတွဲမြို့ အမှတ် (၁) ရပ်ကွက်တွင်လည်းကောင်း၊ (၀၉:၃၀) အချိန်မှ (၁၀:၃၀) အချိန်ထိအမှတ်(၂)ရပ်ကွက်တွင်လည်းကောင်း၊ (၁၁:၀၀) မှ (၁၂:၀၀) ထိအမှတ် (၃) ရပ်ကွက်တွင်လည်ကောင်း၊ (၁၃:၀၀) မှ (၁၄:၀၀) ထိအမှတ် (၄) ရပ်ကွက်တွင်လည်းကောင်း လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈.၉.၂၀၂၀)ရက်နေ့တွင် မိုးကြိုးဘေးဖြစ်ပွားခဲ့သည့် မိထ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးကျေးရွာနေ ဦးဇော်ဝင်းအောင်၊ အသက်(၃၈)နှစ်မှာ ဆိုင်ကယ်စီးနေစဥ် မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး နောက်မှလိုက်ပါလာသူဇနီးဒေါ်ယုယုဆွေ(၃၆)နှစ်မှာဒဏ်ရာရရှိခဲ့ပါသည်။ ထိုမိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် (၃၀၀၀၀၀)ကျပ်၊ ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် (၅၀၀၀၀)ကျပ်တို့ကို မိုးကြိုးဘေးသင့်သူမိသားစုဝင်ထံသို့ (၁၀.၉.၂၀၂၀)ရက်နေ့(၁၁)နာရီတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mdy_sep2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စု၊ ရွှေခက်ကျေးရွာ၌ (၉-၉-၂၀၂၀) ရက် နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သော နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁) စုမှ ဘေးသင့်လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ … Read more









