လူ
မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံး တာဝန်ရှိသူများနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ (သစ်တပ်၊သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ)ကျေးရွာတို့၌ (၈.၅.၂၀၂၆)ရက်နေ့၊ (၁၇:၃၀)အချိန်မှ (၁၈:၀၀)အချိန်ထိ ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပျက်စီးခဲ့သော အမိုး လန်နေအိမ်(၄၈)လုံး၊ ပြိုလဲနေအိမ်(၇)လုံးတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို (၉.၅.၂၀၂၆)ရက်နေ့၊ နေလည်(၁၂:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကျေးရွာတာဝန်ခံများနှင့်အတူ လူနေအိမ် (၅၅)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးထောက်ပံငွေ(၂,၄၈၀,၀၀၀ိ/-)တို့အားဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#npw_may_2026
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး