ရည်ရွယ်ချက်/လုပ်ငန်းတာဝန်

ရည်ရွယ်ချက်

၁။        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)     သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအား လတ်တလော စားဝတ်နေရေး သက်သာချောင်ချိမှု ရရှိစေရေးအတွက် အထောက်အပံ့ပေးရန်၊

(ခ)       သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန်၊

 

လုပ်ငန်းတာဝန်များ

၂။         ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အဓိက လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)     သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားကြရသည့် ပြည်သူများအား လတ်တလော စားဝတ်နေရေး ပြေလည်စေရေးအတွက် ကူညီထောက်ပံ့ခြင်း၊

(ခ)       မြစ်နှင့် ပင်လယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ်တစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း၊ ပြည်တွင်း/ပြည်ပ နယ်မြေ ရပ်ခြားများသို့ ရောက်ရှိသွားကြသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း၊

(ဂ)       လူတို့ကြောင့် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်ပြောင်းရွှေ့ကြသူများ၊ လုံခြုံစိတ်ချမှု မရှိသော နယ်မြေအတွင်းမှ ပြန့်ကျဲနေသော အိမ်ခြေများအား အခြားလုံခြုံသော ဒေသသို့ စုစည်းပြောင်းရွှေ့ရသော ပြည်သူများအား ထောက်ပံ့မှု ပေးခြင်း၊

(ဃ)     ရာသီဥတုဖောက်ပြန်မှုကြောင့်သော်လည်း၊ ပိုးမွှားတိရိစ္ဆာန်များ ဖျက်ဆီးခြင်းကြောင့်သော်လည်းကောင်း၊ စိုက်ပျိုးထားသော သီးနှံများ ပျက်စီးသဖြင့် ငတ်မွတ်ခေါင်းပါးဘေး ကျရောက်သူများအား ထောက်ပံ့မှုပေးခြင်း၊

(င)       သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသမှ ဘေးသင့်ပြည်သူများ ကောင်းမွန်သော လူနေမှုဘဝ ရရှိစေရေးအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အစိုးရဌာနများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊

(စ)       သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပညာပေးလုပ်ငန်းများ၊ သင်တန်းများနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

Sign Up

Upcoming Events