ရေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုနှင့် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအတွက် ထောက်ပံ့ပေးအပ်မှုသတင်း



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၃) လုံးကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရာ အိမ်ထောင်စု (၃) စုမှ၊ လူဦးရေ (၁၄) ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် ကြိုတင်ဖျက်သိမ်းနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၀,၀၀၀) ကျပ် နှင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀) ကျပ်တို့အား၎င်း၊ တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွင် (၁-၉-၂၀၂၀) ရက်နေ့၌ တောဆင်ရိုင်းဝင်ရောက်ဖျက်စီးမှုကြောင့် နေအိမ် (၅) လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၃၃) ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂,၅၀,၀၀၀) ကျပ်၊ လူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၉,၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ (၅) အိမ်ထောင်စုစာတို့အား၎င်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁၀-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld_otr
#ygn_sep2020

Sign Up

Upcoming Events