မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ပလဲကျေးရွာအုပ်စု၊ နဒီလင်းမြိုင်ကျေးရွာတွင်(၉-၉-၂၀၂၀)ရက်နေ့ (၁၀းဝ၀)နာရီချိန်၌ ပျဥ်ခင်း၊ ဖက်ကာ၊ ဖတ်မိုးနေအိမ်(၁)လုံးမီးဘေးသင့်ခဲ့သောကြောင့် အိမ်ထောင်စု(၁)စုမှ မီးဘေးသင့် လူဦးရေ(၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀၀/-)ကျပ်အား (၁၀-၉-၂၀၂၀)ရက်နေ့ (၁၁းဝ၀)နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#krn _sep2020

Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events