လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အောက်ပါစာအုပ်များအား ပြုစုထုတ်ဝေပြီး ဆောင်ရွက်လျက်ရှိပါသည်-
(၁)မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်-၂၀၁၇ (Myanmar Action Plan on Disaster Risk Reduction – 2017) (English Version)
(၂)မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်(၂၀၁၇) (Myanmar Action Plan on Disaster Risk Reduction – 2017) (Myanmar Version)
(၃)သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ (Disaster Management Law)
Disaster Management Law (Myan) နှင့် Disaster Management Law (Eng)
(၄) တည်မြဲအမိန့် (Standing Order)
Standing Order (Myan) နှင့် Standing Order (Eng)
(၅)မြန်မာနိုင်ငံသဘာဝဘေးများအကြောင်း (Hazard Profile of Myanmar)
Hazard Profile (English Version) Hazard Profile (Myanmar Version)
(၆) မြန်မာနိုင်ငံပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့်မူဘောင် – Myanmar National Framework for Community Disaster Resilience
(၇) “Strengthening Institutional and Policy Framework on Disaster Risk Reduction and Climate Change Adaptation Integration”
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ရှိစေရေးလုပ်ငန်းများကို တစ်သားတည်းပေါင်းစပ်ပါဝင်လာစေရေး လုပ်ငန်းစီမံချက် ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သဘောတူညီခဲ့ကြပါသည်။
ရေကြီးခြင်း၊ မုန်တိုင်း၊ မြေပြိုမှုနှင့် မိုးခေါင်ရေရှားခြင်းများအပါအဝင် ရေနှင့် ဆက်စပ်သော သဘာဝဘေးအန္တရာယ်များကိုအလေးထားပြီး သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကို ပိုမိုအလေးထားဆောင်ရွက်နိုင်ရန်အလို့ငှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ DRR နှင့် CCA ဆိုင်ရာ ဆောင်ရွက်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အရာရှိကြီးများသည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် DRR နှင့် CCA တို့ တစ်သား တည်းပေါင်းစပ်ပါဝင်လာစေမှု အားကောင်းခိုင်မာအောင်ဆောင်ရွက်ရန် သဘောတူ ခဲ့ကြပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရာရှိကြီးများသည် “သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများကို တစ်သားတည်း ပေါင်းစပ်ပါဝင်လာစေရေး အဖွဲ့အစည်းဆိုင်ရာမူဝါဒမူဘောင် အားကောင်းခိုင်မာလာ စေရေး လုပ်ငန်းစီမံချက်”တွင် ဖော်ပြထားသည့် ချက်ချင်းပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို သဘောတူညီခဲ့ပါသည်။ အဆိုပါ လုပ်ငန်းစီမံချက်သည် အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ(ACDM)၏ ကြိုတင်ကာကွယ်ခြင်းနှင့် ထိခိုက်မှု နည်းပါးသက်သာစေခြင်းလုပ်ငန်းအဖွဲ့၏အောက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ပံ့ပိုးမှုနှင့် ရေးဆွဲထားခြင်းဖြစ်ပြီး (၁၇-၁၀-၂၀၁၇)ရက်နေ့၊ လာအိုနိုင်ငံ Luang Prabang မြို့၌ကျင်းပခဲ့သော (၃၁) ကြိမ်မြောက် ACDM အစည်းအဝေးတွင် အတည်ပြုခဲ့သော လုပ်ငန်းစီမံချက်ဖြစ် ပါသည်။(Attachment 1: Work Plan)
အဆင့်မြင့်အရာရှိကြီးများဖိုရမ်ကို (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်နေသည့်ဌာနများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဌာနများ၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် အခြားဆက်စပ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၅၀)ဦးကျော် တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်မှ (၂၀၁၈-၂၀၂၀) ခုနှစ်များအတွင်း ချက်ခြင်းဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များကို ဦးစားပေးဖော်ထုတ်ခဲ့ပြီး အလေ့အကျင့်ကောင်းများ မျှဝေနိုင်စေရန်နှင့် ဌာနအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။ (အစည်းအဝေးအနှစ်ချုပ်ကို Attachment 2 တွင်လည်းကောင်း) (အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ သတင်း ထုတ်ပြန်ထား သည်ကို Link 3 တွင် လည်းကောင်း) ကြည့်ရှုနိုင်ပါသည်။
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲမှုအကြား ဆက်နွယ်နေမှုများကို ပိုမိုဖြေရှင်းနိုင်ရန် အဆိုပါလုပ်ငန်း စီမံချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို (၁၃-၁၁-၂၀၁၇) ရက်နေ့ တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပပြုလုပ်ခဲ့သော (၂၀) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးညီလာခံတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များမှ ထောက်ခံခဲ့ပါသည်။ (Link 4)
ယခုဖော်ပြပါ အဆင့်မြင့်အရာရှိကြီးများဖိုရမ်နှင့် စပ်လျဥ်းသည်များနှင့် Concept Note No. 20 (CN-20) ဖြစ်သော “သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု နှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများကို တစ်သားတည်းပေါင်းစပ်ပါဝင်လာ စေရေး အဖွဲ့အစည်းဆိုင်ရာ မူဝါဒမူဘောင် အားကောင်းခိုင်မာလာစေရေး” အစီ အစဥ်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ထပ်မံသိရှိလိုပါက https://www. drrandcca.com/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
(၈) ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင်ရေးဆိုင်ရာသင်တန်း (Disaster Recovery Course)၊ သင်တန်းသားလက်စွဲ Disaster Recovery Course
(၉) အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် (၂၀၁၉)
National Earthquake Preparedness and Response Plan (2019)
အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်
(၁၀) ရန်ကုန်တိုင်းဒေသကြီး ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် (၂၀၁၉)
ရန်ကုန်တိုင်းဒေသကြီး ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်
(၁၁) ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ
National Strategy on Resettlement of IDPs and Closure of Camps (Myn) ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ
(၁၂) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် ပထဝီဝင်သတင်းအချက်အလက်စနစ်များ အသုံးပြုမှုသင်တန်းလက်စွဲ
(၁၃) ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)
(၁၄) သိုလှောင်ရုံလက်စွဲ (တတိယအကြိမ်)