လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာ​ရေး နှစ်၊ ရက်(၁၀၀)စီမံချက်အ​နေဖြင့် လပွတ္တာခရိုင်၊လပွတ္တာမြို့၊ အထက(၁)သင်တန်းခန်းမတွင် ဖွင့်လှစ်ထားရှိသည့် KGနှင့် Grade-1 ​ရှေးဦးအရွယ်က​လေးသူငယ်ပြုစုပျိုး​ထောင်​ရေးနှင့် ဖွံ့ဖြိုး​ရေးဆိုင်ရာ(ဆင့်ပွား)သင်တန်း၌ ဆရာ(၂၀)ဦး၊ ဆရာမ(၂၇၅)ဦး၊ စုစုပေါင်း (၂၉၅)ဦး တို့အား(၁၈.၅.၂၀၂၆)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူး​၊ဒေါ်ဆင့်မှ မြန်မာ့​ရှေးဦးအရွယ်က​လေးသူငယ်ပြုစုပျိုး​ထောင်​ရေးဆိုင်ရာမူဝါဒ၊ က​လေးသူငယ်ကာကွယ်​စောင့်​ရှောက်ခြင်း၊ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ဥပ​ဒေအ​ကြောင်းအရာများ ​ဟော​ပြော​ဆွေး​နွေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဦးတင်​မောင်သက်မှ ပြစ်မှုဆိုင်ရာဥပ​ဒေနှင့် ပတ်သက်၍ အသိပညာ​ပေးခြင်းများနှင့်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး​၊ ဒေါ်​နော်ရူဘီစိုးနှင့်တာဝန်ရှိသူများမှ သဘာဝ​ဘေးအန္တရာယ်နှင့်ပတ်သက်၍​အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ လက်ကမ်းစာ​စောင်​ဝေဌခြင်း၊ ဆောင်ရွက်ခဲ့ပါ​ကြောင်းသတင်းရရှိပါသည်။

#ar

#ayy_may_2026

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events