
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့ (၀၈:၀၀) အချိန်မှ (၀၉:၀၀) အချိန်ထိ သံတွဲမြို့ အမှတ် (၁) ရပ်ကွက်တွင်လည်းကောင်း၊ (၀၉:၃၀) အချိန်မှ (၁၀:၃၀) အချိန်ထိအမှတ်(၂)ရပ်ကွက်တွင်လည်းကောင်း၊ (၁၁:၀၀) မှ (၁၂:၀၀) ထိအမှတ် (၃) ရပ်ကွက်တွင်လည်ကောင်း၊ (၁၃:၀၀) မှ (၁၄:၀၀) ထိအမှတ် (၄) ရပ်ကွက်တွင်လည်းကောင်း လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_sep2020