လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈.၉.၂၀၂၀)ရက်နေ့တွင် မိုးကြိုးဘေးဖြစ်ပွားခဲ့သည့် မိထ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးကျေးရွာနေ ဦးဇော်ဝင်းအောင်၊ အသက်(၃၈)နှစ်မှာ ဆိုင်ကယ်စီးနေစဥ် မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး နောက်မှလိုက်ပါလာသူဇနီးဒေါ်ယုယုဆွေ(၃၆)နှစ်မှာဒဏ်ရာရရှိခဲ့ပါသည်။ ထိုမိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် (၃၀၀၀၀၀)ကျပ်၊ ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် (၅၀၀၀၀)ကျပ်တို့ကို မိုးကြိုးဘေးသင့်သူမိသားစုဝင်ထံသို့ (၁၀.၉.၂၀၂၀)ရက်နေ့(၁၁)နာရီတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#mdy_sep2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)