အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ
နိုင်ငံတော်အတွင်း အချိန်ကာလအလျောက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခြေအနေတွင် ကယ်ဆယ်ရေးထောက်ပံ့ကူညီရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး အတွက်လည်းကောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၅-၂-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၃)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အတွက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ (၁၂) ခုအနက် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည့် လုပ်ငန်းကော်မတီ (၁၀)ခုအား ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေရှိစေရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
“အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ”၏အောက်တွင် လုပ်ငန်းကော်မတီ (၁၀) ခု ထပ်မံဖွဲ့စည်းထားရှိမှုအား အောက်ပါ Link တွင် ဖတ်ရှုလေ့လာနိုင်သည်-
၁။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ
၂။ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ
၃။ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ
၄။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ
၅။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ
၆။ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ
၇။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ
၉။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ