လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၁-၅-၂၀၂၆)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်များ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်၊ကျေးရွာနေပြည်သူများ သိရှိစေရန်အတွက် လိုက်လံ နှိုးဆော်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#ayy_may_2026
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး