
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စု၊ ရွှေခက်ကျေးရွာ၌ (၉-၉-၂၀၂၀) ရက် နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သော နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁) စုမှ ဘေးသင့်လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်အား မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စု၊ ရွှေခက်ကျေးရွာ၌ (၁၀-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်ဒုတိယဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေး၊ ရပ်ကျေးစာရေး တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#ayy_sep2020
Source: မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံး (ဘစမ)