လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇- ၉ -၂၀၂၆) ရက်နေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep_2026 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ကို (၁၇-၉-၂၀၂၆) ရက်နေ့မှ (၁၉-၉-၂၀၂၆) ရက်နေ့ထိ ဥတ္တရခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့အား ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_sep_2026 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၆) ရက်နေ့၊ (၉း၃၀) နာရီအချိန်မှ (၁၁း၄၅)နာရီအချိန်ထိ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်း၌ ကျောင်းသား (၉၅)ဦး၊ ကျောင်းသူ (၁၀၁)ဦး၊ ဆရာမ (၆)ဦး၊ ဌာနဆိုင်ရာ (၁၀)ဦး၊ စုစုပေါင်း လူဦးရေ (၂၀၂)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးခြင်း၊ ကလေးသူငယ် အခွင့်အရေးများ၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ ပလတ်စတစ်အန္တရာယ်ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ ကရင်ပြည်နယ်လူမှုဝန်ထမ်း … Read more
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိခရိုင်၊ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပြည်(၁)လမ်း၌ (၁၅-၉-၂၀၂၆)ရက်နေ့၊ (၂၀း၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက် စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၅,၀၀ဝိ/-)နှင့် အိမ် ထောင်(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၁၀၇၆၇၈/-)တို့အား (၁၆-၉-၂၀၂၆)ရက်နေ့၊ (၁၂း ၀၀)နာရီအချိန်တွင် နဝဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှ (ကော့ကျိုက်) ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ (၄-၉-၂၀၂၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းလူနေအိမ် (၁)လုံး ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့်လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၄၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၁၄)ဦးတို့အတွက် (၁)ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၇၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၅၂၀,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ(၂၁၅,၃၅၆/-) အား (၈-၉-၂၀၂၆) ရက်နေ့တွင် … Read more
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၆)ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေးတို့နှင့်စပ်လျဥ်း၍ ပြည်သူများသို့ အသိပေးနှိုးဆော်ချက်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kayin_sep_2026 Source: ဘားအံခရိုင်ဦးစီးမှူးရုံး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သုံးခွမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၆) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၅) နာရီအချိန်အထိ သုံးခွမြို့နယ်ရှိ လူစည်ကားရာနေရာဖြစ်သည့် လေးလမ်းဆုံ၌ အများပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေး အသိပညာပေးဆောင်ရန်၊ ရှောင်ရန်အချက်များအား လှည့်လည်နှိုးဆော်အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၈-၉-၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၂:၀၀) နာရီအထိ မြောင်းမြ မြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ အကြီးအကဲနှင့်တကွ ဌာန ဆိုင်ရာဝန်ထမ်းများ (၁၂၀) ဦးတို့အား ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှု များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီး အန္တရာယ်အကြောင်းနှင့် ပလတ်စတစ် ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ယခု လတ်တလောဖြစ်ပွားလျက်ရှိသော ရေဘေး၊ မိုးကြိုးဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် … Read more
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သုံခွမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၆) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၀၉:၃၀) နာရီအချိန်ထိ သုံးခွမြို့နယ်ရှိ လူစည်ကားရာနေရာဖြစ်သည့် သုံးခွမြို့ မြို့မစျေး အတွင်း/အပြင်တွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များအား လှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep_2026 Source: သုံးခွမြို့နယ်ဦးစီးမှူးရုံး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၆) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ဘားအံမြို့၊ အထက(ခွဲ) (၂)ကျောင်းတွင် ဌာနဆိုင်ရာကျား(၃)ဦး၊ မ(၁၃)ဦး၊ ကျောင်းသား(၁၃၄)ဦး၊ ကျောင်းသူ (၁၃၆)ဦး၊ စုစုပေါင်း (၂၈၆) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခြင်း၊ ဘေး(၉)မျိုးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် လေပြင်းဘေးအသိပညာပေး (၄×၅) ပေဗီနိုင်းပိုစတာ (၁) … Read more