Latest News
-
အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း NOUL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ(၉၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ လူ(၃)ဦးသေဆုံးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့်အတူလိုက်ပါ၍ (၂၀-၉-၂၀၂၀) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်၊ ပုလောမြို့နယ်တို့၌ … Read more
-
ပေါက်မြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်ပြီးစီးမှုအား စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးလက်အောက်ရှိ ပေါက်မြို့နယ်ဦးစီးမှူးရုံးတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်သော မြို့နယ်ဦးစီးမှူးရုံး (၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအား မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၀-၉-၂၀၂၀) ရက်နေ့တွင် အဆောက်အဦဆောက်လုပ် ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #office_dev #mgy_sep2020
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ ည (၀၇:၀၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့၊ ရပ်ကွက် (၁၀) ခုအတွင်း လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများ၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020
-
ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း “နိုလ်”၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပပြင်ကျေးရွာအုပ်စု၊ ပပြင်ချောင်းအနီးနေထိုင်သော ရေဘေးသင့်အိမ်ထောင်စု (၅၁) စု တို့မှလူဦးရေ (၂၃၀) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၄၈၃,၀၀ဝ) ကျပ်အား (၂၀-၉-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး Mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_sep2020
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ ဝမ်မိုင်ကျေးရွာ၊ ပန်ဟိုင်းကျေးရွာနှင့် မယ်ကျန်းကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာအမူအကျင့်များအား အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀)ရက်နေ့၊ (၀၇:၃၀)အချိန်ခန့်တွင် စစ်တောင်းမြစ်ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၌ ထရံကာ၊ တောင်ထန်းမိုး၊ ဝါးခင်းနေအိမ်(၁)လုံးနှင့် လူ(၃)ဦးမျောပါ သေဆုံးခဲ့ရာ အဆိုပါဖြစ်စဉ်ကြောင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ သေဆုံးသူ(၃)ဦးအတွက်ထောက်ပံ့ငွေ(၉၀၀,၀၀ဝ/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၁,၀၀၀,၀၀၀/-)ကျပ်၊ Family Kit(၁)ထုပ်၊ ပလပ်စတစ်ရေပုံး(၂)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တန်ဖိုးငွေကျပ်(၄၀,၃၅၃/-)အား (၂၀-၉-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်ခန့်တွင် ကျန်ရစ်သူ မိသားစုထံသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_sep2020ရေ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









