ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀)ရက်နေ့၊ (၀၇:၃၀)အချိန်ခန့်တွင် စစ်တောင်းမြစ်ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၌ ထရံကာ၊ တောင်ထန်းမိုး၊ ဝါးခင်းနေအိမ်(၁)လုံးနှင့် လူ(၃)ဦးမျောပါ သေဆုံးခဲ့ရာ အဆိုပါဖြစ်စဉ်ကြောင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ သေဆုံးသူ(၃)ဦးအတွက်ထောက်ပံ့ငွေ(၉၀၀,၀၀ဝ/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၁,၀၀၀,၀၀၀/-)ကျပ်၊ Family Kit(၁)ထုပ်၊ ပလပ်စတစ်ရေပုံး(၂)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တန်ဖိုးငွေကျပ်(၄၀,၃၅၃/-)အား (၂၀-၉-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်ခန့်တွင် ကျန်ရစ်သူ မိသားစုထံသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mon_sep2020ရေ

Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events