Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ ည (၀၇:၀၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့၊ ရပ်ကွက် (၁၀) ခုအတွင်း လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများ၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_sep2020

Sign Up

Upcoming Events