ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း “နိုလ်”၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပပြင်ကျေးရွာအုပ်စု၊ ပပြင်ချောင်းအနီးနေထိုင်သော ရေဘေးသင့်အိမ်ထောင်စု (၅၁) စု တို့မှလူဦးရေ (၂၃၀) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၄၈၃,၀၀ဝ) ကျပ်အား (၂၀-၉-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး Mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#tny_sep2020

Sign Up

Upcoming Events