
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးလက်အောက်ရှိ ပေါက်မြို့နယ်ဦးစီးမှူးရုံးတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်သော မြို့နယ်ဦးစီးမှူးရုံး (၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအား မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၀-၉-၂၀၂၀) ရက်နေ့တွင် အဆောက်အဦဆောက်လုပ် ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#office_dev
#mgy_sep2020