Latest News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၄.၁၁.၂၀၂၀)ရက်နေ့ ၊(၁၆း ၃၀)နာရီအချိန်တွင်လေပြင်းဘေးတိုက်ခတ်မှုကြောင့် ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဆင်ခြေယာကျေးရွာ၊ မာကလာခြံကျေးရွာနှင့်ဇရပ်နီကျေးရွာတို့တွင် လူနေအိမ်ပြိုကျပျက်စီး(၁)လုံး၊အမိုးလန်ပျက်စီး လူနေအိမ်(၆၆)လုံး၊လူဦးရေ(၂၈၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၅၈၈၀၀၀)၊အိမ်ဆောက်ပစ္စည်းဖိုး(၁၄၉၈၀၀၀)၊စုစုပေါင်း ကျပ်(၂၀၈၆၀၀၀)အား (၆-၁၁-၂၀၂၀)ရက်နေ့၊(၁၅:၀၀) အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်(၂)ဦးမင်းဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_nov2020 Source: ရေစကြိုမြို့နယ် ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၂၀)ရက်နေ့တွင် (FUTURE LIGHT) အဖွဲ့နှင့်အတူ လောင်းလုံးမြို့နယ်၊ ပြင်ကြီး ကျေးရွာ၊ ကရင်ကြီးကျေးရွာနှင့် အင်းကြီးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင် ရန်အချက်များအား အသိပညာပေးခြင်း၊ (Mask) များဝေငှပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_nov2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၁-၂၀၂၀) ရက်နေ့၊ (၁၉:၀၀) နာရီအချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ငှက်ကွေးကျေးရွာအုပ်စု၊ မကျီးစုကျေးရွာတွင် ပြိုကျအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၂) ဦး၊ စုစုပေါင်း ပြိုကျအိမ်ခြေ (၁) လုံး၊ လူဦးရေ (၁၂) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅,၂၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀)ရက်နေ့၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငန်ကျေးရွာအုပ်စု၊ ရေငန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၀၅၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၆၀၅၀၀ိ/-)ကျပ် အား(၆-၁၁-၂၀၂၀)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_nov2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ကြိုတင်ပြောင်းရွှေ့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင် ကျေးရွာ၌ (၅-၁၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈,၄၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၁၀၈,၄၀ဝိ/-)အား (၆-၁၁-၂၀၂၀) ရက်နေ့၊( ၁၃:၃၀ )နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ မျောပါပျက်စီးနေအိမ်(၂)လုံးနှင့် ကြိုတင် ပြောင်းရွှေ့နေအိမ်(၂)လုံးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ (၂၁)ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာဖိုးထောက်ပံငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၄၁၀၀/-)ကျပ်နှင့် မျောပါနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာ၊ ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၂)အိမ်ထောင်စာတို့အား (၆-၁၁-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်များ၌ လက်ပံတန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်အတူ … Read more









