ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ မျောပါပျက်စီးနေအိမ်(၂)လုံးနှင့် ကြိုတင် ပြောင်းရွှေ့နေအိမ်(၂)လုံးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ (၂၁)ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာဖိုးထောက်ပံငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၄၁၀၀/-)ကျပ်နှင့် မျောပါနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာ၊ ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၂)အိမ်ထောင်စာတို့အား (၆-၁၁-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်များ၌ လက်ပံတန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_nov2020

Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events