လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၄.၁၁.၂၀၂၀)ရက်နေ့ ၊(၁၆း ၃၀)နာရီအချိန်တွင်လေပြင်းဘေးတိုက်ခတ်မှုကြောင့် ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဆင်ခြေယာကျေးရွာ၊ မာကလာခြံကျေးရွာနှင့်ဇရပ်နီကျေးရွာတို့တွင် လူနေအိမ်ပြိုကျပျက်စီး(၁)လုံး၊အမိုးလန်ပျက်စီး လူနေအိမ်(၆၆)လုံး၊လူဦးရေ(၂၈၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၅၈၈၀၀၀)၊အိမ်ဆောက်ပစ္စည်းဖိုး(၁၄၉၈၀၀၀)၊စုစုပေါင်း ကျပ်(၂၀၈၆၀၀၀)အား (၆-၁၁-၂၀၂၀)ရက်နေ့၊(၁၅:၀၀) အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်(၂)ဦးမင်းဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း
သတင်းရရှိပါသည်။

#ha_sgw
#mgy_nov2020

Source: ရေစကြိုမြို့နယ် ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events