
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၁-၂၀၂၀) ရက်နေ့၊ (၁၉:၀၀) နာရီအချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ငှက်ကွေးကျေးရွာအုပ်စု၊ မကျီးစုကျေးရွာတွင် ပြိုကျအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၂) ဦး၊ စုစုပေါင်း ပြိုကျအိမ်ခြေ (၁) လုံး၊ လူဦးရေ (၁၂) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅,၂၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁၂၅,၂၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) စု စာအား (၆-၁၁-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ လေဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mgy_nov2020