လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀)ရက်နေ့၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငန်ကျေးရွာအုပ်စု၊ ရေငန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၀၅၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၆၀၅၀၀ိ/-)ကျပ် အား(၆-၁၁-၂၀၂၀)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_nov2020

Source:             မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events