လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင် ကျေးရွာ၌ (၅-၁၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈,၄၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၁၀၈,၄၀ဝိ/-)အား (၆-၁၁-၂၀၂၀) ရက်နေ့၊( ၁၃:၃၀ )နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_nov2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)