Latest News
-
Covid-19 ကူးစက်ရောဂါနှင့် ငလျင်ဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၁.၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၄း၃၀) အချိန်အထိ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ သိုက်ချောင်းကျေးရွာ၊ နန်းဩကျေးရွာ၊ ခေတ်အေးကျေးရွာ၊ ဗောဓိမြိုင်ကျေးရွာ၊ ပုပ္ပါးကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာများအတွင်း ပြည်သူများအား COVID-19ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား ထိရောက်စွာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၁၁-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင်ရေနံချောင်းမြို့နယ်၊ (ဘူးကျွန်း(တောင်)ကျေးရွာ၊ ဘူးကျွန်း(မြောက်)ကျေးရွာ၊ ကုလားကုန်းကျေးရွာ)များတွင်လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပက်သတ်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၁.၂၀၂၀) ရက်နေ့ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဏိုင်မြို့၊ အရှေ့လေညာရပ်ကွက်နှင့် အနောက်လေညာရပ်ကွက် အတွင်းရှိပြည်သူများအား မိုးရာသီကာလအတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ covid – 19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Kalay Volunteer ၊ ကာယကံမေတ္တာ၊ ဂရုဏာ၊ ပုညကုသလ၊ ပုညဝိဟာရီ၊ မေတ္တာရှင်၊မေတ္တာစည်၊ လုလင်ငယ်စသောကလေးမြို့ရှိ လူမှုရေးအသင်းအဖွဲများနှင့် ပူးပေါင်း၍ (၇-၁၁-၂၀၂၀) ရက်နေ့ နေ့လည် (၂:၀၀) နာရီမှ (၅:၀၀)နာရီအထိ ကလေး မြို့ပေါ်ရှိ ရပ်ကွက်များတွင် Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Cyclone Shelter တည်ဆောက်နိုင်ရေးအတွက် အဆိုပြုမြေနေရာ ထပ်မံကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူ၊ ဒေါ်ဝင်းစန္ဒာကြည်နှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများ သည် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း၊ စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ များတို့နှင့်အတူ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် Cyclone Shelter တည်ဆောက်နိုင်ရေးအတွက် အကျိုးပြုနိုင်မည့်လူဦးရေနှင့် ကျေးရွာများ၊ တည်ဆောက်မည့်မြေနေရာအခြေအနေနှင့် Shelter သို့ သွားရောက်နိုင်မည့် လမ်းကြောင်းအခြေအနေများအား (၆.၁၁.၂၀၂၀) ရက်နေ့ (၁၃: ၃၀) အချိန်တွင် ထပ်မံကွင်းဆင်းကြည့်ရှု့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #tny_nov2020 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီချိန်မှ နေ့လယ် (၁၂:၀၀) နာရီချိန်ထိ ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒညင်းကုန်းကျေးရွာ၊ ဘုရားဆိပ်ကျေးရွာနှင့် ဘုရားရွာကျေးရွာတို့၌ Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူ လူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









