Covid-19 ကူးစက်ရောဂါနှင့် ငလျင်ဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၁.၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၄း၃၀) အချိန်အထိ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ သိုက်ချောင်းကျေးရွာ၊ နန်းဩကျေးရွာ၊ ခေတ်အေးကျေးရွာ၊ ဗောဓိမြိုင်ကျေးရွာ၊ ပုပ္ပါးကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာများအတွင်း ပြည်သူများအား COVID-19ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား ထိရောက်စွာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#npw_nov2020

Source:             ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events