Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Kalay Volunteer ၊ ကာယကံမေတ္တာ၊ ဂရုဏာ၊ ပုညကုသလ၊ ပုညဝိဟာရီ၊ မေတ္တာရှင်၊မေတ္တာစည်၊ လုလင်ငယ်စသောကလေးမြို့ရှိ လူမှုရေးအသင်းအဖွဲများနှင့် ပူးပေါင်း၍ (၇-၁၁-၂၀၂၀) ရက်နေ့ နေ့လည် (၂:၀၀) နာရီမှ (၅:၀၀)နာရီအထိ ကလေး မြို့ပေါ်ရှိ ရပ်ကွက်များတွင် Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_nov2020

Source:  ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events