လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီချိန်မှ နေ့လယ် (၁၂:၀၀) နာရီချိန်ထိ ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒညင်းကုန်းကျေးရွာ၊ ဘုရားဆိပ်ကျေးရွာနှင့် ဘုရားရွာကျေးရွာတို့၌ Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူ လူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_nov2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)