လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူ၊ ဒေါ်ဝင်းစန္ဒာကြည်နှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများ သည် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း၊ စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ များတို့နှင့်အတူ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် Cyclone Shelter တည်ဆောက်နိုင်ရေးအတွက် အကျိုးပြုနိုင်မည့်လူဦးရေနှင့် ကျေးရွာများ၊ တည်ဆောက်မည့်မြေနေရာအခြေအနေနှင့် Shelter သို့ သွားရောက်နိုင်မည့် လမ်းကြောင်းအခြေအနေများအား (၆.၁၁.၂၀၂၀) ရက်နေ့ (၁၃: ၃၀) အချိန်တွင် ထပ်မံကွင်းဆင်းကြည့်ရှု့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#infra_dev
#tny_nov2020
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)