လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၁.၂၀၂၀) ရက်နေ့ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဏိုင်မြို့၊ အရှေ့လေညာရပ်ကွက်နှင့် အနောက်လေညာရပ်ကွက် အတွင်းရှိပြည်သူများအား မိုးရာသီကာလအတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ covid – 19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_nov2020
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)