Latest News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနားရွာတွင် (၂-၁၂-၂၀၂၀)ရက်နေ့၌ နေအိမ်မီးဖိုမှတဆင့် မီးလောင်မှုကြောင့် ဦးရှောင်ရှုအာလောင် အသက် (၅၂)နှစ်၏ အလျား (၂၅)ပေ၊ အနံ (၂၅)ပေ၊ အမြင့် (၁၅)ပေ၊ နှစ်ထပ် လူနေအိမ် (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ကျား (၂)ဦး၊ မ (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ အိမ်ထောင်စု (၁)စု၊ ကျား (၈)ဦး၊ မ (၂)ဦး၊ စုစုပေါင်း (၁၀) ဦးမီးဘေးသင့်ခဲ့ရပါသဖြင့် … Read more
-
Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (COVID-19) ရောဂါ ကူးစက်မှု ဒေသတွင်း ဖြစ်ပွားမှုပိုမိုမပြန့်ပွားစေရေးအတွက် (၂-၁၂-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် တံတား(၁)နှင့် တံတား(၂) မီးပွိုင့်အနီး ပတ်ဝန်းကျင်နှင့် ရှမ်းရိုးမကွင်း ယာယီစျေးအနီးတွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆီလီငေါ့ကျေးရွာ၊ ဝမ်ကောင်းမွန်းကျေးရွာ တို့တွင်လည်းကောင်း (COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရွက်သင့်သည်များကို သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကိုလည်းကောင်း Hand Speaker များ အသုံးပြုခြင်းဖြင့် အသိပညာ ပေးဆော်သြခြင်း၊ Hand gel … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂.၁၂.၂၀၂၀) ရက်နေ့၌ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်းကျေးရွာ၊ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အများပြည်သူများ သိရှိလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာများအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn _dec2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၂၀)ရက်နေ့၌ မိုးညှင်း မြို့နယ်၊ ဟိုပင်မြို့ပေါ်နှင့် လက်ပံတန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_dec2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမာမြို့နယ်၊ ဘဝအမှတ်(၁)ရပ်ကွက်၊ အနောက်လမ်းတွင် (၃၀-၁၁-၂၀၂၀) ရက်နေ့ (၂၀း၀၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၄) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၈၄၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု(၁)စုစာ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈၄၀ဝ/-)အား အမာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂-၁၂-၂၀၂၀)ရက်နေ့ (၁၀း၃၀)နာရီအချိနိ၌ သွား၍ ထောက်ပံ့ပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ (၂-၁၂-၂၀၂၀) ရက်နေ့၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့်ဆောင်ရန်/ရှောင်ရန်အချက်များ အားမွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့စိုက်ပျိုးရေးသိပ္ပံ(မြေနီကုန်း)ရှိ Community Based Facility Quarantine တွင် ရောက်ရှိနေထိုင်သည့် ပြည်သူ(၄၄)ဦးခန့်အား (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိလည်းကောင်း သထုံမြို့ ကွန်ပျူတာတက္ကသိုလ်ရှိ Community Based Facility Quarantine … Read more









