လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ (၂-၁၂-၂၀၂၀) ရက်နေ့၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့်ဆောင်ရန်/ရှောင်ရန်အချက်များ အားမွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့စိုက်ပျိုးရေးသိပ္ပံ(မြေနီကုန်း)ရှိ Community Based Facility Quarantine တွင် ရောက်ရှိနေထိုင်သည့် ပြည်သူ(၄၄)ဦးခန့်အား (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိလည်းကောင်း သထုံမြို့ ကွန်ပျူတာတက္ကသိုလ်ရှိ Community Based Facility Quarantine တွင် ရောက်ရှိနေထိုင်သည့် ပြည်သူ(၄၆)ဦးခန့်အား (၁၃:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်ထိလည်းကောင်း သထုံမြို့ အ.ထ.က(၁)စာသင်ကျောင်းရှိ Community Based Facility Quarantine တွင် ရောက်ရှိနေထိုင်သည့် ပြည်သူ(၅၉)ဦးခန့်အား (၁၄:၁၅)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်ထိလည်းကောင်း ပြည်သူများသိရှိစေရန် အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော် ကြေညာခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_dec2020
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)