လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌လှိုင်းဘွဲမြို့၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား(၁၂၀)ဦး၊ ကျောင်းသူ(၁၈၀)ဦး၊ စုစုပေါင်း (၃၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးထံသို့မြေပြိုဘေးဗီနိုင်းပေးအပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyn_jun_2026
Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး