COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၂၀)ရက်နေ့၌ မိုးညှင်း မြို့နယ်၊ ဟိုပင်မြို့ပေါ်နှင့် လက်ပံတန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#ar
#kcn_dec2020

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘမ)

Sign Up

Upcoming Events