လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းတိုက်ခတ်မှု ကြောင့်လည်းကောင်း၊ ခဲတောက်ကျေးရွာအုပ်စု၊ ကျုံဝိုက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့်လည်းကောင်း၊ ဂျိုင်းကျေးရွာ၌ မိုးကြိုးပစ်ချမှုကြောင့်လည်းကောင်း၊ လူနေအိမ် (၁၅)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၇၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၇၈)ဦး တို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၉၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၁,၁၄၀,၀၀ဝိ/-)အား (၈-၆-၂၀၂၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha-sgw
#kyn_jun_2026
Source: ဘားအံခရိုင်ဦးစီးမှူးရုံး