လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမာမြို့နယ်၊ ဘဝအမှတ်(၁)ရပ်ကွက်၊ အနောက်လမ်းတွင် (၃၀-၁၁-၂၀၂၀) ရက်နေ့ (၂၀း၀၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၄) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၈၄၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု(၁)စုစာ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈၄၀ဝ/-)အား အမာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂-၁၂-၂၀၂၀)ရက်နေ့ (၁၀း၃၀)နာရီအချိနိ၌ သွား၍ ထောက်ပံ့ပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha-fir
#ayy_dec2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)