လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂.၁၂.၂၀၂၀) ရက်နေ့၌ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်းကျေးရွာ၊ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အများပြည်သူများ သိရှိလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာများအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn _dec2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)