မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနားရွာတွင် (၂-၁၂-၂၀၂၀)ရက်နေ့၌ နေအိမ်မီးဖိုမှတဆင့် မီးလောင်မှုကြောင့် ဦးရှောင်ရှုအာလောင် အသက် (၅၂)နှစ်၏ အလျား (၂၅)ပေ၊ အနံ (၂၅)ပေ၊ အမြင့် (၁၅)ပေ၊ နှစ်ထပ် လူနေအိမ် (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ကျား (၂)ဦး၊ မ (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ အိမ်ထောင်စု (၁)စု၊ ကျား (၈)ဦး၊ မ (၂)ဦး၊ စုစုပေါင်း (၁၀) ဦးမီးဘေးသင့်ခဲ့ရပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁) စုစာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၁) ပတ်စာဖိုး (၂၁,၀၀၀) ကျပ်၊ ဒဏ်ရာရ၍ဆေးရုံတက်ရောက်ဆေးကုသမှုခံရသူ (၃)ဦးအား (၅၀,၀၀၀) ကျပ် နှုန်းဖြင့် ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

#ha_fir
#rke_dec2020

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events