လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (COVID-19) ရောဂါ ကူးစက်မှု ဒေသတွင်း ဖြစ်ပွားမှုပိုမိုမပြန့်ပွားစေရေးအတွက် (၂-၁၂-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် တံတား(၁)နှင့် တံတား(၂) မီးပွိုင့်အနီး ပတ်ဝန်းကျင်နှင့် ရှမ်းရိုးမကွင်း ယာယီစျေးအနီးတွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆီလီငေါ့ကျေးရွာ၊ ဝမ်ကောင်းမွန်းကျေးရွာ တို့တွင်လည်းကောင်း (COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရွက်သင့်သည်များကို သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကိုလည်းကောင်း Hand Speaker များ အသုံးပြုခြင်းဖြင့် အသိပညာ ပေးဆော်သြခြင်း၊ Hand gel များဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင်သွားကြရန် အသိပေးပြောကြားပြီး Mask များဖြန့်ဝေခြင်း၊ လက်သန့်စင်ဆေးကြောရန် ဆပ်ပြာခဲများပေးဝေခြင်း၊ သဘာဝဘေး အသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်း/ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)