Category Archives: News
-
အမျိုးသားသဘာ၀ဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် မေလ(၄)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ သဖန်းကျေးရွာသို့ ကွင်းဆင်း၍ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော တပ်ကုန်းမြို့နယ်၊ သဖန်းချောင်းကျေးရွာ၊ ကန်းနီကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ လယ်ဇပင်ကျေးရွာနှင့် ရွှေပေါ်ကျွန်းကျေးရွာများမှ လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များနှင့် ထောက်ပံ့ငွေများလှူဒါန်းပေးအပ်ခြင်း
အမျိုးသားသဘာ၀ဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် မေလ(၄)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ သဖန်းကျေးရွာသို့ ကွင်းဆင်း၍ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော တပ်ကုန်းမြို့နယ်၊ သဖန်းချောင်းကျေးရွာ၊ ကန်းနီကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ လယ်ဇပင်ကျေးရွာနှင့် ရွှေပေါ်ကျွန်းကျေးရွာများမှ လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များနှင့် ထောက်ပံ့ငွေများလှူဒါန်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးအောင်ခိုင်တို့က သဖန်းချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် သွပ်(၂၂)ချပ်၊ ဥသျှစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဆွမ်းစား … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဧပြီလ(၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွား (၂) ဦးတို့အတွက် နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်လက်မှတ် ရေးထိုးထားသော ဂုဏ်ပြုလွှာများနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ(၂၅)ရာခိုင်နှုန်း စုဆောင်းငွေမှ ထောက်ပံ့ငွေ(၂)သိန်းကျပ်စီ နိုင်ငံတော်ကိုယ်စား လွှဲပြောင်းပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်ထံသို့ ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် ဘိုးဘွား (၂) ဦးတို့အတွက် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာများနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်း စုဆောင်းငွေမှ … Read more
-
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် ဧပြီလ (၈) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Gautam Mukhopadhaya အား လက်ခံ တွေ့ဆုံခြင်း၊ မွန်းလွဲ (၂) နာရီ အချိန်တွင် ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေနှင့် အတူ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ပြည်တွင်း လူမှုရေး အဖွဲ့အစည်း (၉) ဖွဲ့တို့ အတူလက်တွဲဆောင်ရွက် နေသည့် ဒေသတွင်း ရွေ့ပြောင်းနေရသူများ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေး ပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံခြင်းနှင့် မွန်းလွဲ (၃) နာရီအချိန်တွင် အဆိုပါ၀န်ကြီးရုံး၊ စုပေါင်းခန်းမ၌ ၀န်ကြီးဌာနအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး “နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များနှင့် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှင့် ၀န်ထမ်းလစာနှုန်းသစ်တိုးမြှင့်ပေးခြင်း” တို့အား ရှင်းလင်းပြောကြားခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဧပြီလ (၈) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Gautam Mukhopadhaya အား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံအမျိုးသားသဘာ၀ဘေးစီမံခန့်ခွဲမှုဥပဒေပြဌာန်းထားရှိမှုနှင့် နည်းဥပဒေပါလုပ်ငန်းများ၊ အရေးပေါ်အခြေအနေကွပ်ကွဲမှုဗဟိုဌာနဖွင့်လှစ်ထားရှိမှု၊ လှုမှုကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များ၊ အသက် (၁၀၀) နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ပေးနေမှုဆိုင်ရာကိစ္စရပ်များ၊ လူမှုစောင့်ရှောက်ရေးနှင့် သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ်သင်တန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စက်တင်ဘာလတွင် ဖွင့်လှစ်မည့် ဟင်္သာတမြို့သဘာ၀ဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် အိန္ဒိယနိုင်ငံမှ နည်းပညာပိုင်းဆိုင်ရာ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၅) ရက်နေ့တွင် ကရင်ပြည်နယ်သို့ သွားရောက်၍ ကရင်ပြည်နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေပေးအပ်ပွဲ၊ စေတနာ့အဖွဲ့အစည်းများအား (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များမွမ်းမံ သင်တန်း (၁/၂၀၁၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့၊ YMCA ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (၁၃) ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားနှင့် ကျန်းမာရေးထောက်ပံ့ငွေ၊ ပညာသင်ထောက်ပံ့ငွေနှင့် မသန်စွမ်းသုံးအထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပါသည်။ ဧပြီလ (၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်ထောင်စုရိပ်သာ၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဦးစောမူတုစေးဖိုး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ သွားရောက်၍ လူမှုစီးပွားဘဝမြင့်မားရေး (Social Business) လုပ်ငန်းများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၂၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဖျာပုံမြို့၊ ထန်းပင်ဘုန်းတော်ကြီးကျောင်း၌ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ဖွံဖြိုးတိုးတက်မှုအထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် (၁၄)ရပ်ကွက်၊ (၁၅)ရပ်ကွက်၊ ဂေးဂုကျေးရွာ၊ ကွန်ဒိုင်းကျေးရွာ၊ ကျုံကူကျေးရွာ၊ ခရိုင်ဘော်ကျေးရွာ၊ အလန်းဖလွတ်ကျေးရွာ၊ မရဲ့ပျားဖွတ်ကျေးရွာ၊ သမိန်ထောသိမ်ကုန်းကျေးရွာ၊ ကနိကျေးရွာ၊ ကျီးနှစ်ပင်ကျေးရွာ၊ ကဒါရွာ၊ သလိပ်ကြီးကျေးရွာ၊ ကြက်ဖမွေးဇောင်းကျေးရွာ၊ အောက်ကွင်းကျေးရွာ၊ အမာမြို့(၄)ရပ်ကွက်၊ လက်ပန်ကျေးရွာ၊ ဒေးဒလူကျေးရွာ၊ … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် မတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစားတောကျေးရွာ သို့သွားရောက်၍ ဆိုလာ မီးအိမ်နှင့် အလှူငွေများ ထောက်ပံ့ပေးခြင်း
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစားတောကျေးရွာသို့သွားရောက်ပြီး ဝိဟာရဆရာတော်ထံ လှူဖွယ်ပစ္စည်းများ လှူဒါန်းဆက်ကပ်ပါသည်။ ဆက်လက်၍ ကျေးရွာသူ/ကျေးရွာသားများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူမှုစီးပွားဘဝ မြင့်မားရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပါသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးစိုးအောင်နှင့် ဦးစိုးကြည်တို့မှ သက်ကြီးဝါကြီး အိမ်ထောင်စုများအတွက် ဆိုလာမီးအိမ် အလုံး (၅၀) အား မဲဖေါက်ထောက်ပံ့ပေးပါသည်။ … Read more
-
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တတိယအကြိမ် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ (3rd UN World Conference for Disaster Risk Reduction ) သို့ တက်ရောက်ခြင်း
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တတိယအကြိမ် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ (3rd UN World Conference for Disaster Risk Reduction ) တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ၊ ဆန်းဒိုင်မြို့သို့ မတ်လ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့ထိ သွားရောက်ခဲ့ပါသည်။ မတ်လ (၁၃) ရက်နေ့တွင် ဆန်းဒိုင်မြို့၊ Meysen Academy Schools သို့ရောက်ရှိပြီး မူကြိုအရွယ်ကလေးများကို အင်္ဂလိပ်စာသင်ကြားပေးနေမှု အတွင်းသင်ယူမှုနေရာများ၊ … Read more
-
လောက်ကိုင်ဒေသတိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လောက်ကိုင်ဒေသတိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို မတ်လ (၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ဦးဝင်းရွှေက အလှူရှင်အားလုံးကိုယ်စား လှူဒါန်းရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပါသည်။ အစီအစဉ်အရ နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ (၂၀) သိန်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီး၊ အလယ်အလတ်အဆင့် (အရာထမ်း) စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅၄) သင်တန်းသား/သင်တန်းသူများမှ (၂) သိန်း၊ ဦးကျော်ကျော်စိုး (ဒုတိယညွှန်ကြားရေးမှူး)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ (၁) သိန်း၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ဖျာပုံခရိုင်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၂၈) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်သို့ ရောက်ရှိပြီး မီးဘေးသင့်ပြည်သူများအား ကြည့်ရှုကာ ခါတော်မီဘုန်းတော်ကြီးကျောင်း၌ စေတနာညကျောင်းအတွက် (၁) သိန်းကျပ်၊ မီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀.၅) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၁၃.၉) သိန်းကျပ်၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသော INGOs များနှင့် ပုဂ္ဂလိကအလှူရှင်များမှ (၉.၆) သိန်း၊ စုစုပေါင်းငွေသား (၁၂၅.၀၁) သိန်းကျပ်နှင့် (၄၃.၃၁) သိန်းခန့်တန်ဖိုးရှိသော … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ နေ့လည် (၃) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ နေ့လည် (၃) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ယခုလိုထောက်ပံ့ပေးခြင်းဟာ နိုင်ငံတော်သမ္မတကြီးချမှတ်ထားသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအား တတ်နိုင်သလောက် ဆောင်ရွက်နေချိန်တွင် ဝေးလံခက်ခဲသော တိုင်းရင်းသားပြည်သူများအတွက် လိုအပ်သောအချိန်၌ ထောက်ပံ့ပေးရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စသည်ဖြင့် လှူဒါန်းရခြင်းအကြောင်း … Read more









