Author Archives: RRD

  • ရှမ်းပြည်နယ် ၊ ကလောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်း ဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများနှင့်အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application … Read more

  • ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေး DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် သဘာဝ ဘေးနှင့်စပ်လျဉ်းသည့်ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်း စာစောင်များထည့်သွင်းထားသော DAN Mobile Application များအား ရှင်းလင်းပြောကြားခြင်းနှင့်  DAN Mobile Application Sticker ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more

  • မြောက်ဦးမြို့၊ ညောင်ပင်စျေးရပ်ကွက်၊ ကြက်စျေးရပ်ရှိ မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့၊ ညောင်ပင်စျေးရပ်ကွက်၊ ကြက်စျေးရပ်တွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၁၄၄၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) ကျပ်တို့အား(၂၃-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်တွင် ဖြစ်ပွားသော မီးဘေးသင့်  အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၂၇၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-) ကျပ်တို့အား (၁၁-၁ -၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    (၂၁-၁-၂၀၁၇) ရက်နေ့တွင်  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊   နောင်ခရီရပ်ကွက်၌   မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောငိစု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူဦးရေ (၁) ဦးအတွက် ဆန်ဖိုးငွေ (၉၀၀) ကျပ်၊ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်အား (၂၁-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း နှင့်အတူ မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events