လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ သွားရောက်၍ လူမှုစီးပွားဘဝမြင့်မားရေး (Social Business) လုပ်ငန်းများ ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၂၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဖျာပုံမြို့၊ ထန်းပင်ဘုန်းတော်ကြီးကျောင်း၌ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ဖွံဖြိုးတိုးတက်မှုအထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် (၁၄)ရပ်ကွက်၊ (၁၅)ရပ်ကွက်၊ ဂေးဂုကျေးရွာ၊ ကွန်ဒိုင်းကျေးရွာ၊ ကျုံကူကျေးရွာ၊ ခရိုင်ဘော်ကျေးရွာ၊ အလန်းဖလွတ်ကျေးရွာ၊ မရဲ့ပျားဖွတ်ကျေးရွာ၊ သမိန်ထောသိမ်ကုန်းကျေးရွာ၊ ကနိကျေးရွာ၊ ကျီးနှစ်ပင်ကျေးရွာ၊ ကဒါရွာ၊ သလိပ်ကြီးကျေးရွာ၊ ကြက်ဖမွေးဇောင်းကျေးရွာ၊ အောက်ကွင်းကျေးရွာ၊ အမာမြို့(၄)ရပ်ကွက်၊ လက်ပန်ကျေးရွာ၊ ဒေးဒလူကျေးရွာ၊ ဦးပေကျေးရွာ၊ အရှေ့ဖျားကျေးရွာ၊ ဖိုးခွေးရိုးကျေးရွာ ၊ ကျောင်းကုန်းကျေးရွာများတွင် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းများနှင့်ရွာတွင်းလမ်းများ၊ ကွန်ကရစ်တံတားများ၊ အဝီစိရေတွင်းများနှင့် မိုဘိုင်းရေစုပ်မီးသတ်စက်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ပါသည်။ ထို့နောက် ကျုံကူကျေးရွာသို့ သွားရောက်၍ ၀န်ကြီးဌာနမှ ထောက်ပံ့ထားသော သက်ကြီးဝါကြီးများ၏နေအိမ်များ ပြုပြင်ပြီးစီးမှု အ‌ခြေအနေကို ကြည့်ရှုအားပေးပါသည်။
မတ်လ (၂၈) ရက်နေ့တွင် နောက်ပြန်ထိုးကျေးရွာအုပ်စု၊ ကျုံဓမင်းကျေးရွာသို့ ကွင်းဆင်းပြီး ရန်ကုန်မြို့၊ International Student of Myanmar (ISM) မှ ဆောက်လုပ်လှူဒါန်းသော မူလတန်း(လွန်) ကျောင်းဆောင်သစ်အဆောက်အဦအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကား ပြောကြားပါသည်။ ဆက်လက်၍ နာဂစ်မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် သက်ကြီးဝါကြီး အဘိုးအဘွားများ၏ နေအိမ်များ ပြုပြင်တည်ဆောက်ရန် ထောက်ပံ့ငွေ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် မိသားစုသုံးပစ္စည်းများအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။ နေ့လယ်ပိုင်းတွင် ဒေးဒရဲမြို့၊ သံတန်ဆောင်းဘုရာကြီးရင်ပြင်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖွံဖြိုးတိုးတက်မှုအထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး သံဒင်းကျေးရွာ၊ မရမ်းကျေးရွာ၊ တော်ဖရုံကုန်းတန်းကျေးရွာ၊ ကဝက်ချောင်းကြီးကျေးရွာ၊ ကြုံကြပ်ကျေးရွာ၊ နှာခေါင်းချောင်းကျေးရွာ၊ အစဲကျေးရွာ၊ လိပ်ကျွန်းကျေးရွာ၊ သံဖက်ကျေးရွာ၊ တူးမြောင်းကျေးရွာ၊ လမုတမံကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ ဂုံမင်းကွင်းကျေးရွာ၊ မရမ်းဝကျေးရွာ၊ ဆင့်ကူးကျေးရွာ၊ ထိုင်ကူကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ကုလားကုန်းတန်းကျေးရွာများတွင် ကွန်ကရစ်လမ်း၊ ကွန်ကရစ်တံတား၊ သောက်ရေကန်နှင့် ဒီဇယ်မီးစက်များအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်သူများထံ ပေးအပ်ပါသည်။
မတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မသန်စွမ်းသက်ငယ်ကျောင်း၌ ဝန်ကြီးဌာနမှ (၅၁) ကြိမ်မြောက် ဌာနပိုင်လူငယ်များ စုပေါင်းရှင်ပြု၊ သီလရှင်ဝတ်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events