လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်ထံသို့ ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် ဘိုးဘွား (၂) ဦးတို့အတွက် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာများနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်း စုဆောင်းငွေမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီ နိုင်ငံတော်ကိုယ်စား လွှဲပြောင်းပေးခဲ့ ပသည်။
ဧပြီလ(၁၇)ရက်နေ့တွင် ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် သံတွဲမြို့ မေတ္တာဝတီ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေး ငွေကျပ် (၂၉၂၀၀၀၀၀/-) နှင့် ဘိုးဘွားများအတွက် ဝန်ကြီးဌာနမှ လှူဒါန်းသည့် နှစ်သစ်ကူး အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ကန့်တော့ခဲ့ပြီး အားပေးစကားပြောကြားခဲ့ပါသည်။
ဧပြီ (၁၈) ရက်နေ့တွင် သံတွဲခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးရုံးနှင့် သိုလှောင်ရုံတည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေး ပသည်။
ဧပြီ(၂၀)ရက်နေ့တွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဗဟို ကယ်ဆယ်ရေး ဂိုဒေါင်သို့ သွားရောက်ကာ သဘာဝဘေးဖြစ်ပွားပါက ထောက်ပံ့နိုင်ရန် ကယ်ဆယ် ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေနှင့် မိုးတွင်းကာလအတွင်း သိုလှောင်ရုံများအတွင်းသို့ ရေများဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် အောက် ကြမ်းခင်းပြင်ထပ်ပိုးခြင်း လုပ်ငန်းများအား ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။