အမျိုးသားသဘာ၀ဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် မေလ(၄)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ သဖန်းကျေးရွာသို့ ကွင်းဆင်း၍ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော တပ်ကုန်းမြို့နယ်၊ သဖန်းချောင်းကျေးရွာ၊ ကန်းနီကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ လယ်ဇပင်ကျေးရွာနှင့် ရွှေပေါ်ကျွန်းကျေးရွာများမှ လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များနှင့် ထောက်ပံ့ငွေများလှူဒါန်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးအောင်ခိုင်တို့က သဖန်းချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် သွပ်(၂၂)ချပ်၊ ဥသျှစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဆွမ်းစား ဆောင်အတွက် သွပ်(၂၄)ချပ်နှင့် ဥသျှစ်ကုန်းတောင် ဘုန်းတော်ကြီးကျောင်းအတွက် သွပ်(၇၂)ချပ်၊ သဖန်း ချောင်းကျေးရွာ၊ အိမ်ထောင်စု(၃၂)စုအတွက် သွပ်(၄၀၇)ချပ် ဥသျှစ်ကုန်းကျေးရွာ၊ ကန်းနီကျေးရွာ၊ အိမ်ထောင်စု(၁၄)စုအတွက် သွပ်(၁၇၂)ချပ်၊ ဥသျှစ်ကုန်းကျေးရွာ အိမ်ထောင်စု(၁၀၆)စုအတွက် သွပ်(၁၄၂၁)ချပ်၊ ဥသျှစ်ကုန်းကျေးရွာ ပျက်ဆီးသက်ကယ်အိမ်(၁)လုံးအတွက် (၅၀၀၀၀)ကျပ်၊ လယ်ဇပင် ကျေးရွာ အိမ်ထောင်စု(၁၀)စုအတွက် သွပ်(၈၈)ချပ်၊ လယ်ဇပင်ကျေးရွာ ပျက်ဆီးသက်ကယ်အိမ် (၁၅)လုံးအတွက် (၇.၅)သိန်းကျပ်၊ ရွှေပေါ်ကျွန်းကျေးရွာ အိမ်ထောင်စု(၁၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုးစီနှင့် ထောက်ပံ့ငွေ(၅.၈၉၆)သိန်းကျပ် စုစုပေါင်း အိမ်အမိုးသွပ်(၂၂၀၆)ချပ်နှင့် ငွေသား (၁၃.၈၉၆)သိန်းကျပ်ကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး လေဘေးသင့် ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။