လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ နေ့လည် (၃) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ နေ့လည် (၃) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ယခုလိုထောက်ပံ့ပေးခြင်းဟာ နိုင်ငံတော်သမ္မတကြီးချမှတ်ထားသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအား တတ်နိုင်သလောက် ဆောင်ရွက်နေချိန်တွင် ဝေးလံခက်ခဲသော တိုင်းရင်းသားပြည်သူများအတွက် လိုအပ်သောအချိန်၌ ထောက်ပံ့ပေးရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စသည်ဖြင့် လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပါသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးမှ ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်နှင့် ရှာတောမြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအတွက် (၁၉) သိန်းခန့်တန်ဖိုးရှိသော အဝတ်အထည်များနှင့် ဒုတိယဝန်ကြီး ဦးဘုန်းဆွေမှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံအဇင်းဒေ၊ တိုင်းရင်းသားပြည်သူများအတွက် (၉) သိန်းခန့်တန်ဖိုးရှိသော အဝတ်အထည်များအား ထောက်ပံ့ပေးအပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါ်နန်းနွံနှင့် ဦးစောထွဋ်ခေါင်လွင် တို့မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events