Author Archives: admin

  • ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာ၌ (၁၀-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၂) လုံးအတွက် ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၇,၀၀၀/-) ကျပ်တို့အား (၁၂-၇-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #ayy_jul2019

  • တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ အထက်မြက်လဲှကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၈) ဦး၊ ဗန်းဗွီးကျေးရွာမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦး၊ စုစုပေါင်း လူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ (၂၉၇,၀၀၀/-) ကျပ်တို့အား (၁၁-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇) ရက်နေ့၌ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာတွင် ဖြစ်ပွားသော မီးဘေးမှ မီးဘေးသင့် အိမ်ထောင်စု (၉၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ (၉၈) ပုံး အိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၆၅၀၀၀၀ိ/-) လူဦးရေ (၃၇၀) ဦးအတွက် (၃) ရက်စာ ဆန်ရိက္ခာဘိုး (၃၃၃၀၀၀ိ/-) နှင့် အဝတ်အထည် (၁၀၀) ထည်ပါ (၂) ထုပ် … Read more

  • လောက်ကိုင်ဒေသတိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

    လောက်ကိုင်ဒေသတိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို မတ်လ (၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ဦးဝင်းရွှေက အလှူရှင်အားလုံးကိုယ်စား လှူဒါန်းရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပါသည်။ အစီအစဉ်အရ နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ (၂၀) သိန်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီး၊ အလယ်အလတ်အဆင့် (အရာထမ်း) စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅၄) သင်တန်းသား/သင်တန်းသူများမှ (၂) သိန်း၊ ဦးကျော်ကျော်စိုး (ဒုတိယညွှန်ကြားရေးမှူး)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ (၁) သိန်း၊ … Read more

Sign Up

Upcoming Events