လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၅) ရက်နေ့တွင် ကရင်ပြည်နယ်သို့ သွားရောက်၍ ကရင်ပြည်နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေပေးအပ်ပွဲ၊ စေတနာ့အဖွဲ့အစည်းများအား (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များမွမ်းမံ သင်တန်း (၁/၂၀၁၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့၊ YMCA ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (၁၃) ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားနှင့် ကျန်းမာရေးထောက်ပံ့ငွေ၊ ပညာသင်ထောက်ပံ့ငွေနှင့် မသန်စွမ်းသုံးအထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပါသည်။
ဧပြီလ (၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်ထောင်စုရိပ်သာ၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဦးစောမူတုစေးဖိုး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများအကြောင်း ဆွေးနွေးပါသည်။ ထို့နောက် မြို့တော်ခန်းမ၌ ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေပေးအပ်ပွဲ၊ စေတနာ့အဖွဲ့အစည်းများအား (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များမွမ်းမံသင်တန်း (၁/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပါသည်။ အစီအစဉ်အရ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဇော်မင်းက အမှာစကားပြောကြားပါသည်။ ထို့နောက် ဘားအံမြို့နယ်မှ ဒေါ်ငွေအောင် (၁၀၂) နှစ်၊ လှိုင်းဘွဲ့မြို့နယ်မှ ဦးချာလီ (၁၀၂) နှစ်၊ ဒေါ်ဖိသီး (၁၀၅) နှစ်၊ ဒေါ်သိန်းရင် (၁၀၄) နှစ်နှင့် ဒေါ်ဖိုလမာ (၁၀၂) နှစ်တို့ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီနှင့် အသုံးအဆောင်ပစ္စည်းများအား နိုင်ငံတော်ကိုယ်စား ချီးမြှင့်ငွေပေးအပ်ပါသည်။ ထို့နောက် အခမ်းအနားသို့ မတက်ရောက်နိုင်သော သက်ကြီးဝါကြီးများ၏ အတူနေ မိသားစုဝင်များကို ဂုဏ်ပြုလွှာချီးမြှင့်ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ပါသည်။
ဆက်လက်၍ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မိကြောင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၃.၈၀) သိန်းနှင့် ကော့ဝန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၂၁.၉၀) သိန်း၊ ဘားအံမြို့နယ် တောင်တန်းသာသနာပြုလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၉.၃၇) သိန်း၊ ဘားအံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂၄) ကျောင်းအတွက် (၁၄၄) သိန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဓမ္မဟေဝန် (ကျား) ပရဟိတဂေဟာအတွက် (၂၁) သိန်း၊ ကော့ကရိတ်မြို့နယ်၊ ဇောတိကာရာမလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၆.၁၅) သိန်း၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁) ကျောင်းအတွက် (၆) သိန်း၊ မြဝတီခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၄) ကျောင်းအတွက် (၂၄) သိန်း၊ စုစုပေါင်းကျပ်သိန်းပေါင်း (၄၅၀.၄၈) သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ထို့နောက် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသ၊ သစ္စာအေးမြိုင်ကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှ သိန်း (၃၀၀) ကျပ်ဖြင့် လှူဒါန်းထားသည့် မူကြိုကျောင်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။ ၎င်းနောက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယဉ်ကျေးလိမ္မာ သင်တန်းသား/သင်တန်းသူများကို ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးပါသည်။ ဆက်လက်၍ မြိုင်ကြီးငူတိုက်နယ်ဆေးရုံသို့ ရောက်ရှိကာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ဆေးရုံတက်လူနားများကို ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးပါသည်။
ဆက်လက်၍ ဘားအံမြို့၊ မူကြိုကျောင်း၌ ဦးစီးဌာနများမှ အမှုထမ်း၊ အရာထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ် ဝန်ထမ်းလစာနှုန်းသစ်တိုးမြှင့်ပေးခြင်းတို့အား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အမျိုးသမီး လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများဖြစ်သော လက်ယက္ကန်းလုပ်ငန်းနှင့် စက်ချုပ်သင်တန်းများအား ကြည့်ရှုအားပေးပြီး ပြည်နယ်ကယ်ဆယ်ရေးဂိုဒေါင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events