လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် မတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစားတောကျေးရွာ သို့သွားရောက်၍ ဆိုလာ မီးအိမ်နှင့် အလှူငွေများ ထောက်ပံ့ပေးခြင်း

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစားတောကျေးရွာသို့သွားရောက်ပြီး ဝိဟာရဆရာတော်ထံ လှူဖွယ်ပစ္စည်းများ လှူဒါန်းဆက်ကပ်ပါသည်။ ဆက်လက်၍ ကျေးရွာသူ/ကျေးရွာသားများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူမှုစီးပွားဘဝ မြင့်မားရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပါသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးစိုးအောင်နှင့် ဦးစိုးကြည်တို့မှ သက်ကြီးဝါကြီး အိမ်ထောင်စုများအတွက် ဆိုလာမီးအိမ် အလုံး (၅၀) အား မဲဖေါက်ထောက်ပံ့ပေးပါသည်။ ထို့နောက် ပိုးစားတော အလယ်တန်းကျောင်းခွဲ၌ ကျောင်းဆရာ/ ဆရာမများ နေထိုင်ရန် နှစ်ထပ်အဆောက်အဦအတွက် သိန်း (၃၀) ကျပ် မတည်ထောက်ပံ့ပေးပါသည်။ ဝန်ကြီးဌာနအနေဖြင့် ကျန်ရှိသော သက်ကြီးဝါကြီး အိမ်ထောင်စုများအတွက် ဆိုလာမီးအိမ်များ ထပ်မံထောက်ပံ့သွားမညဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events