Latest News
-
ဆန်ရိက္ခာထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၉-၂၀၂၀) နေ့တွင် နောင်မွန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ပန်နန်းဒင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ရှိ စားနပ်ရိက္ခာရှားပါးမှုကြုံတွေ့နေရသော အလိအောင်ကျေးရွာအုပ်စုနှင့် မခွမ်တန်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၁၁၀) စု ၏လူဦးရေ (၆၅၁) ဦးတို့အတွက် စားနပ်ရိက္ခာ (၃) လစာ (ဆန်) အိတ် (၆၁၀) အိတ်၊ (၇)ပြည်၊ (၄)ဗူးတို့အား ဒေသခံပြည်သူ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါကျေးရွာအုပ်စုများမှ ဆန်ရိက္ခာလာရောက်သယ်ယူ ဒေသခံများအပေါ် အားပေးနှစ်သိမ့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး … Read more
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက် လျက်ရှိမှုသတင်း
စက်တင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့ ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ၂။ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကက်သလစ်ကျောင်း၊ နှစ်ခြင်းကျောင်း၊ မိုးကောင်းမြို့နယ်ရှိ မဟောင်နှစ်ခြင်း(နောင်ကိုင်တော်)၊ မိုးကောင်းနှစ်ခြင်း(ကျွန်းတော)နှင့် နှစ်ခြင်းမူကြိုကျောင်း(နတ်ကြီးကုန်း) စုစုပေါင်း IDP စခန်း … Read more
-
CERP အစီအစဉ်အရ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
~~~~~ Source: MOSWRR ~~~~~ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈)ရက် ~~~~~ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားအား (၂၁-၈-၂၀၂၀) ရက်နေ့တွင် Virtual Meeting အဖြစ် … Read more
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရေးအတွက် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီးမှ (၁၆:၃၀) နာရီအချိန်ထိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ မြဝတီမြို့ ဝှေ့ရှမ်းကျေးရွာ၊ သံပုရာကျေးရွာ၊ မဲ့ပလဲ့ကျေးရွာ၊ စံပါလိုက်ကျေးရွာ၊ ဇရက်ဖြူကုန်းကျေးရွာတို့တွင် Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြား ချက်များနှင့် မုန်တိုင်းဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပ
~~~~~~ Source: MOSWRR ~~~~~~ စက်တင်ဘာ ၈ ၊နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကချင်ပြည်နယ်နှင့် ကယား ပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပရာတွင် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ နှစ်စဉ်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုအခါတွင်လည်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဂေဟာ/ ရိပ်သာများသို့ ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ လက်ပံကုန်း ကျေးရွာ တွင် ဖြစ်ပွားခဲ့သော မီးဘေးမှတစ်စိတ်တစ်ပိုင်း မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ (၆၄,၇၀၀/-) ကျပ်အား (၈-၉-၂၀၂၀) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် … Read more









