၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈)ရက်
~~~~~
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားအား (၂၁-၈-၂၀၂၀) ရက်နေ့တွင် Virtual Meeting အဖြစ် ကျင်းပဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်အုပ်စု၊ စေတီတောင်ရွာဟောင်း ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၇၆)စု၊ ညောင်ပင်ဈေးရပ်ကွက်၊ သျှစ်သောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၁၄၂)၊ ရှော်မယ်အမကရှိ အိမ်ထောင်စု(၅၁)စု၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၂၇၂)စု၊ လက်ကောက် ဈေးဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၂၇)စု၊ ဘုရားပေါ်ဘုရားသိမ်ရှိ အိမ်ထောင်စု(၈၀)စု၊ ထမ္မရာဇ်မြို့ကွက်သစ်ရှိ အိမ်ထောင်စု(၃၄)စု၊ သံချောင်းကျေးရွာအုပ်စု၊ ပီပင်ရင်းကျေးရွာဘုန်းကြီး ကျောင်းရှိ အိမ်ထောင်စု(၄၉၀)စု၊ တင်းထိန်ကန်ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံရှိ အိမ်ထောင်စု (၁၈၈)စု၊ မော်ရွာအုပ်စု၊ စင်းဘောကိုင်းကျေးရွာရှိ အိမ်ထောင်စု(၇၁၁)စု၊ တင်းထိန်ကန်အုပ်စု၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၁၁၄)စု၊ အောင်တပ်ရပ်ကွက်၊ အောင်စေတီ ဘုရားသိမ်ရှိ အိမ်ထောင်စု(၇၀)စု၊ နရတ်စားဘုရားသိမ်ရှိ အိမ်ထောင်စု(၃၉)စု၊ ဝက်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၉၆)စု၊ တိန်ညိုကျေးရွာရှိ အိမ်ထောင်စု(၈၄၅)စု၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၂၂၄)စု၊ အောင်တပ်ရပ်ကွက်၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းသစ်ရှိ အိမ်ထောင်စု(၆၈)စု၊ အောင်တပ်ရပ်ကွက်၊ ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းဟောင်းရှိ အိမ်ထောင်စု(၈၅)စု၊ တောင်မြင့် ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံရှိ အိမ်ထောင်စု(၆၁)စု၊ အောင်တပ်ရပ်ကွက်၊ ကိုးနဝင်းဘုန်း တော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၉)စု၊ ပြလှကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၁၇၅)စု၊ နကန်ကျေးရွာ(အရှေ့) ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၂)စု၊ ပုဇွန်ဖေကျေးရွာရှိ အိမ်ထောင်စု(၇၈)စု၊ ကုလားချောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၁၂၄)စု၊ ရွှေထီးဆောင်း ဘုန်းတော်ကြီး ကျောင်းရှိ အိမ်ထောင်စု(၈၄)စုနှင့် ကျောက်ရာစ်ကေဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၁၁၀)စု၊ စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ်(၂၆)ခုရှိ အိမ်ထောင်စု(၄၆၁၅)စုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၁၈၄,၆၀၀,၀၀ဝိ/-)ကို မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၇-၉-၂၀၂၀) ရက်နေ့တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင် ထောက်ပံ့ခဲ့ပါကြောင်းနှင့် ထောက်ပံ့ရန်ကျန်ရှိသည့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်များရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူများအား ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။